ယူဂန်ဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းရန် ဆွေးနွေး

0
254

ယူဂန်ဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကွာလာလမ်ပူမြို့ အခြေစိုက် ယူဂန်ဒါမဟာမင်းကြီးရုံးမှ ယူဂန်ဒါမဟာမင်း ကြီး Ms. Betty Oyella Bigombe အား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံအမတ်ကြီး ဦးအောင်စိုးဝင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ်လ (၁၁) ရက်၊ နေ့လယ် (၁၂) နာရီတွင် ၎င်း၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံစဉ်
ဇန်နဝါရီလအတွင်းက ကျင်းပသည့်  (၁၉) ကြိမ်မြောက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်မည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ယူဂန်ဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များနှင့် ဆန်နှင့် ကော်ဖီ စိုက်ပျိုးတင်ပို့မှု ကိစ္စရပ်များအပေါ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here