ရုရှားတပ်ဖွဲ့များရှေ့ဆက်မတိုးနိုင်ရန်ဟန့်တားထားနိုင်–ဇလန်းစကီး

0
172

ပါရီ၊မတ် ၁၂

ယူကရိန်းသမ္မတဇလန်းစကီးက မော်စကိုနှင့်ညှိနှိုင်းရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အကြံပြုချက်အား ပယ်ချခဲ့ပြီး ရှေ့တန်းတွင် ရုရှားတပ်များ၏တိုးတက်မှုကိုရပ်တန့်လိုက်နိုင်ကာ ၎င်းတပ်များ အခြေအနေ တိုးတက်ကောင်းမွန်လာနေသည်ဟု မတ် ၁၁ ရက်ကပြောကြားခဲ့သည်။

ယူကရိန်းသို့ ရုရှားဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ မကြာသေးမီကာလများအတွင်း ကိဗ်သည် ၎င်း၏အကြီးမားဆုံးမဟာမိတ် အမေရိကန်ထံမှ အကူအညီများရယူနေသည့်ကြားမှပင် ရှေ့တန်းစစ်မျက်နှာပြင်၌ နယ်မြေဆုံးရှုံးမှုများရှိလာခဲ့သည်။

သို့သော် ရှေ့တန်း၌ ရုရှား ကို လက်ရှိအချိန်တွင် တားဆီးထားနိုင်ပြီး တိုက်ခိုက်ရေးဘက်၌ တိုးတက်မှုများရှိလာကြောင်း ဇလန်းစကီးက တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

သမ္မတဇလန်းစကီး၏ ပြောကြားချက်သည် ပုပ်ရဟန်းမင်းကြီး၏ ယူကရိန်းအပေါ်မှတ်ချက်အား တုန့်ပြန်ပြောကြားခြင်းဖြစ်သည်။ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ယူကရိန်းအနေဖြင့် ရုရှားအားမနိုင်နိုင်တော့ပါက စေ့စပ်ညှိနှိုင်းရန်အဆင်သင့်ဖြစ်နေသင့်ပြီး အသက်များအဆုံးရှုံးမခံဘဲ ပညာရှိရှိဖြေရှင်းသင့်သည်ဟုပြောကြားခဲ့သည်။

သို့သော် ပုပ်ရဟန်းမင်းကြီး၏ အဆိုပါမှတ်ချက်အား ဂျာမနီနှင့်ကိဗ်တို့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here