ရန်ကုန်ဆိပ်ကမ်းသို့ လျှပ်စစ်ကားများ ထပ်မံရောက်ရှိလာ

0
188

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းလာသည့် လျှပ်စစ်ကားများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ပြီးခဲ့သည့်ရက်ပိုင်းက ရောက်ရှိလာပြီး မတ် (၁၁)ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် EV လျှပ်စစ်ကားကို ယခင်က နှစ်နိုင်ငံနယ်စပ်မှ မြန်မာဘက်သို့ တင်သွင်းလျက်ရှိပြီး ယခုအခါ နယ်စပ်ဂိတ်ပေါက်များ ပိတ်ထားခြင်းကြောင့် ပင်လယ်ရေ ကြောင်းမှတစ်ဆင့် တင်သွင်းနေခြင်းဖြစ်သည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းများသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

လက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားပြီး ပြည် တွင်း၌ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားသည့် ကုမ္ပဏီ (၈၀) ကျော်ရှိပြီး လက်ရှိတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ (၃၀) ကျော် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here