ဖျာပုံနယ်မှ မျှင်ငါးပိ တလလျှင် ပိဿာချိန် ၈၅၀၀၀ ထိတိုး၍ ရန်ကုန်ဈေးကွက်သို့ပို့လာနိုင်

0
277

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၇၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁) ရက်မှ (၂၉) ရက်ထိ တစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသထွက် မျှင်ငါးပိ ပိဿာချိန် (၁၀) လျှင် ငွေကျပ် ၁၈၅၀၀၀ ထိ ဈေးရှိနေကြောင်း သိရသည်။

ဖျာပုံမြို့နယ်ရှိ ငါးပိရောင်းဝယ်ရေးလုပ်ကိုင်သူများအနေဖြင့် ပင်လယ်ပြင်ကရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုပ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မျှင်ငါးပိ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် ဒေသထုတ်ကုန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိလုပ်ငန်းတစ်ခုလျှင် လုပ်သားအနည်းဆုံး (၁၀) ဦးမှ (၁၅) ဦးထိ ဒေသတွင် အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here