ကျောက်တန်းမြို့နယ်ရှိ ဇွဲဘာကမ်းခြေ နှင့် သံတဲ ကမ်းခြေသို့ လူကြိုက်များနေ

0
295

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ဇွဲဘာကမ်းခြေနှင့် သံတဲကမ်းခြေသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှစတင်ကာ ခရီးသွားလည်ပတ်မှုမြင့်တက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” အစကတော့ လူသိပ်မလာဘူး။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ လာတဲ့ ခရီးသွားကများလာတယ်။ ရန်ကုန်ထဲက လူတွေအများဆုံးလာကြတာများတယ်။ ပီလ‌ခတ်ဘုရားကျောင်းကိုသွားပြီးရင် ကမ်းခြေဘက်ကိုလာကြတယ်။ အထူးသဖြင့် ပိတ်ရက်တွေဆို လူပိုများတယ်”ဟု အဆိုပါကမ်းခြေရှိ ဈေးရောင်းချသူ တစ်ဦးကပြောသည်။

သံတဲကမ်းခြေသို့ ဇွဲဘာ ကုန်းတန်းမှ မိနစ်နှစ်ဆယ်မောင်းဝင်ရပြီး အဆိုပါ ကမ်းခြေ၏ ထူခြားချက်သည် ကမ်းခြေတွင်ရှိသည့် အုတ်တိုင်ကြီးတစ်ခုဖြစ်ပြီး ယခင်က အုတ်တိုင်ကြီးကို အစွဲပြု၍ ကျောက်တိုင်ကမ်းခြေဟုခေါ်ဆိုကြကြောင်း သိရသည်။

” တချို့တွေက ခရီးဝေးတွေ မသွားနိုင်တော့ ဒီကမ်းခြေကို အသွားများလာကြတယ်။ ခရီးတို ပက်ကေ့လေးတွေ စီစဉ်ပေးရတယ်။ ပိတ်ရက်တွေဆို အော်ဒါအပြည့်ပဲ”ဟု ပြည်တွင်းခရီးသွားလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ သံတဲကမ်းခြေသို့ ကျောက်တန်းမြို့မှ မှော်ဝန်းမြစ်ကို ဖြတ်ပြီး တစ်ဘက်ကမ်းသို့ကူး၍ လည်ပတ်ရခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် ရွှေဂူကြီးစေတီ၊ ကျောက်တိုင်ကမ်းခြေ၊ သက်တမ်းနှစ်ရာကျော်ရှိ မီးပြတိုက်ကြီး၊ ရေလယ်တွင်တည်ထားကြသည့် ဘုရားစေတီများ၊ ရွာဓလေ့ ရွာအလှများကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here