မလေးရှားရောက် မြန်မာနိုင်ငံသားများ CI ကတ်လျှောက်ထားမှု QR Code စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်

0
143

မလေးရှားရောက် မြန်မာနိုင်ငံသားများ မည်သူမည်ဝါဖြစ်ကြောင်း CI ကတ် ပြုလုပ်ရာတွင် QR Code စနစ်ဖြင့်ကြိုတင်ရက်ချိန်းယူသည့်စနစ်ကို ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး(ကွာလာလမ်ပူ) က အသိပေးထုတ်ပြန်ထားသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ အသစ်လျှောက်ခြင်းများကိုသာ Online မှ ကြိုတင်ရက်ချိန်းယူသည့် QR Code စနစ်ဖြင့် သံရုံးမှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ လာမည့် မတ်လ (၁၈) ရက်မှစတင်ကာ CI ကတ် ပြုလုပ်မည့်သူများကိုလည်း QR Code စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူပြီး ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

CI ကတ် ပြုလုပ်လိုသူများသည် www.mekl.org တွင် အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရမည်ဖြစ်ပြီး ဆောင်ရွက်လိုသည့် ဝန်ဆောင်မှု ရွေးချယ်ရာတွင် Certificate of Identity ကို လျှောက်ထားခြင်းကို ရွေးချယ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာသံရုံးမှ လျှောက်ထားသူများကို သံရုံးသို့လာရောက်ရမည့် နေ့ရက်ကို email ပေးပို့၍ ပြန်လည်အကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here