မြန်မာအစိုးရနှင့် WFP တို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများ ဆွေးနွေး

0
143

မြန်မာအစိုးရနှင့် WFP တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကဏ္ဍများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်အား လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မတ်လ (၁၂) ရက်၊ နေ့လယ် (၁) နာရီက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here