နျူကလီးယားစစ်ပွဲအတွက် ရုရှား အသင့်ရှိကြောင်း အနောက်တိုင်းကို ပူတင် သတိပေး

0
208
In this pool photograph distributed by Russia's state agency Sputnik, Russian President Vladimir Putin receives winners of the Leaders of Russia national competition for public officials at the Kremlin in Moscow on March 12, 2024. (Photo by Sergei SAVOSTYANOV / POOL / AFP)

ရုရှားနိုင်ငံအနေနဲ့ နျူကလီးယားစစ်ပွဲအတွက် နည်းပညာပိုင်းအရ အသင့်ဖြစ်နေပြီလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့(မတ် ၁၃) မှာ အနောက်နိုင်ငံတွေကို သတိပေးလိုက်ပြီး အမေရိကန်က ယူကရိန်းကို တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုရင် စစ်ပွဲကို သိသိသာသာ အရှိန်မြှင့်လိုက်မှုအဖြစ် ယူဆရလိမ့်မယ်လို့လည်း ပြောဆိုပါတယ်။

သူ့အတွက် နောက်ထပ် သမ္မတသက်တမ်း ခြောက်နှစ်ဆက်ယူနိုင်ဖို့ သေချာနေတဲ့ မတ် ၁၅-၁၇ ရွေးကောက်ပွဲတွေမတိုင်မီ ရက်ပိုင်းအလို ပူတင်က ပြောဆိုခဲ့ရာမှာ နျူကလီးယားစစ်ပွဲအခင်းအကျင်းဟာ အလျင်စလိုမဖြစ်ကြောင်းနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက် အသုံးပြုဖို့ မလိုအပ်ဖူးလို့ သူ မြင်ကြောင်း ဆိုခဲ့ပါတယ်။

တိုင်းပြည်ဟာ နျူကလီးယားစစ်ပွဲတစ်ခုအတွက် အမှန်ပဲ အသင့်ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး Rossiya-1 ရုပ်သံ နဲ့ RIA သတင်းဋ္ဌာနတို့ကို ပူတင်က တုန့်ပြန်ခဲ့ရာမှာ “စစ်ဘက်နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” လို့ ဆိုသွားခဲ့ပါတယ်။

ရုရှားပိုင်နက်ထဲ ဒါမှမဟုတ် ယူကရိန်းမှာ အမေရိကန်တပ်တွေ တပ်ဖြန့်လာခဲ့ရင် ဒါဟာ ဝင်ရောက်စွက်ဖက်မှုတစ်ခုလို့ ရုရှားက သတ်မှတ်လိမ့်မယ်ဆိုတာကို အမေရိကန်က နားလည်ထားတယ်လို့ ပူတင်က ဆိုပါတယ်။

“ရုရှား-အမေရိကန်ဆက်ဆံရေးနဲ့ ဗျူဟာမြောက် ထိန်းချုပ်ထားကြရမယ့် နယ်ပယ်တွေနဲ့ ပတ်သက်လို့ အမေရိကန်မှာ အထူးကျွမ်းကျင်သူတွေ အလုံအလောက်ရှိပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။ ဒါကြောင့် နျူကလီးယား ထိပ်တိုက်တွေ့မှုဖြစ်လာဖို့ အရာအားလုံး အလျင်စလိုဖြစ်ပျက်နေတယ်လို့ မိမိ မထင်ကြောင်း၊ သို့ပေမယ့် ဒီအတွက်တော့ မိမိတို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးအပေါ် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အရေးအခင်းနောက်ပိုင်း အနက်ရှိုင်းဆုံး အကျပ်တွေ့မှုဖြစ်ပေါ်စေခဲ့ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်စေဖို့အတွက် ၎င်းတို့တပ်ဖွဲ့ဝင်တွေ စေလွှတ်လာမယ်ဆိုပါက နျူကလီးယားစစ်ပွဲဖြစ်လာဖို့ အန္တရာယ်ရှိနေတယ်လို့ ပူတင်က အကြိမ်ကြိမ် သတိပေးမှုလုပ်ခဲ့ပါတယ်။

Ref: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here