CNG အရောင်းဆိုင်များကို လိုအပ်ပါက ည ၁၁ နာရီခွဲအထိ အချိန်တိုးမြှင့်ဖွင့်လှစ်မည်

0
161

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်များကို လိုအပ်ပါက ည (၁၁) နာရီခွဲအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။

လက်ရှိတွင် CNG အရောင်းဆိုင်များကို နေ့စဉ်ပုံမှန် မနက် (၅) နာရီမှ ည (၁၀)နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးနေခြင်းဖြစ်ပြီး CNG လာရောက်ဖြည့်တင်းသည့် မော်တော်ယာဉ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ည (၁၁) နာရီခွဲအထိ လိုအပ်သလို အချိန်တိုးမြှင့်ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

CNG ယာဉ်စီးရေပေါင်း (၃ဝဝဝဝ)နီးပါးကို ကုန်းတွင်း နှင့် ကမ်းလွန်မှထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ ကု ဗပေ သန်း (၂ဝ)ခန့် နေ့စဉ်ထိန်းညှိဖြန့်ဖြူးပေးနေရပြီး လျှပ်စစ်မီးအခက်အခဲကြောင့် YBS ယာဉ်လိုင်းအချို့သည် CNG အရောင်းဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင့်နေရကာ ယာဉ်အစီးရေ အပြည့်အဝမထွက်နိုင်သည့် အခြေအနေများလည်း ရှိနေကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းအတွင်း CNG အရောင်းဆိုင်(၄၁)ဆိုင်ရှိပြီး ယာဉ်စီးရေ (၂၆၉၇၃)စီးကို ဖြန့်ဖြူးပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here