ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဆင်ရတနာ
နေ့ ကျင်းပပြုလုပ်

0
131

ယနေ့ မတ်လ (၁၃)ရက်တွင် ကျရောက်သည့် ဆင်ရတနာများနေ့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဖို့ဖတ်မြို့နယ်၊ ယာဖော့ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်ရတနာများနေ့သို့ နိုင်ငံတကာခရီးသွားဧည့်သည်များအပါအဝင် ဒေသခံ(၅၀၀)ကျော် လာရောက်ဆင်နွဲခဲ့ကြကြောင်း မဲဆောက်ဒေသခံတစ်ဦးကပြောသည်။

“ဒါက နှစ်စဉ် ကျင်းပတဲ့ ပွဲတော်ပါ။ ထိုင်းမှာက ဆင်များနေ့ကို သီးသန့် လုပ်ပြီး ခမ်းခမ်းနားနားကျင်းပတယ်။ အရမ်းစည်တယ်။ ယာဖော့ရွာက ဆင်တွေကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ အလှူပွဲတွေ ‌ရှိရင်လည်း ငှားပေးတယ်။ ဥပမာ ရဟန်းခံရှင်ပြုလို ပွဲမျိုးတွေ‌ပေါ့”ဟု မဲဆောက်ဒေသခံ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ယနေ့တွင် ဆင်များစားသုံးရန် သစ်သီး ၀လံမျိုးစုံကို စားပွဲများဖြင့် တည်ခင်း
ဧည့်ခံခဲ့ကြပြီး၊ ထိုင်းဆင်များနေ့ပွဲတော်ကို ထိုင်းတစ်နိုင်ငံလုံးရှိ ဆင်စခန်းများတွင်လည်း ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် ဆင်ရတနာပွဲတော်သည် ထိုင်းနိုင်ငံတစ်ခုတည်းသာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ထိုင်းအစိုးရက ၁၉၉၈ ခုနှစ် မေလ (၂၆)ရက်နေ့ကစတင်
၍ နှစ်စဉ် မတ်လ (၁၃)ရက်နေ့ကို ထိုင်းနိုင်ငံဆင်များနေ့အဖြစ် သတ်မှတ်ခဲ့‌ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံးကျင်းပသည့် ကမ္ဘာ့ဆင်များနေ့ကိုမူ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့အား သတ်မှတ်ထားသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here