မွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာတို့ တစ်ကျော့ပြန် စိန်ခေါ်ထိုးသ-တ်မည်

0
100

မွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာတို့ ယခု မတ်လ (၂၄)ရက်တွင် တစ်ကျော့ပြန် စိန် ခေါ်ထိုးသ-တ်မည်ဖြစ်ကြောင်း ပွဲစီစဉ်ပေးသည့် King Of Muay Thai က အသိ ပေးထားသည်။

ပြီးခဲ့သသည့် ဖေဖော်ဝါရီလအတွင်းက ၎င်းတို့ နှစ်ဦးစိန်ခေါ် ထိုးသ-တ်ရန် ပွဲတည်ပေးခဲ့သော်လည်း ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာဘက်မှ လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲပျက်ခဲ့ရပြီး ယခု မတ်လအတွင်း တစ်ကျော့ပြန် ပွဲတည်လာခဲ့ခြင်းလည်း ဖြစ်သည်။

မွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ရိုးရာလက်ဝှေ့ကျော် မင်းရဲကျော်စွာတို့၏ ယှဉ်ပြိုင်မှုသည် လက်ရည်ကွာခြားမှုများရှိနေသည့်အတွက် မင်းရဲကျော်စွာအနေဖြင့် အခက်အခဲများရှိနိုင်သည့်ဟု လက်ဝှေ့ဝါသနာရှင်များကလည်း ခန့်မှန်းသုံးသ ပ်ထားသည်။

အဆိုပါ ပွဲစဉ်အတွက် ပွဲစီစဉ်သူ Thai Fight ဘက်မှ ပရိတ်သတ်အား ပွဲခန့်မှန်းချက်မှန်သည့်သူအား လက်ဆောင်ပေးမည့် အစီအစဥ်များ ထည့်သွင်းထားကြောင်းလည်း သိရသ ည်။

မွေထိုင်းဖိုက်တာ ဆန်ချိုင်းသည် အသက် (၄၅)အရွှယ် ဝန်း ကျင်တွင်ရှိသော ဝါရင့်မွေထိုင်း ဖိုက်တာတစ်ဦးဖြစ်သလို၊ ရိုးရာလက်ဝှေ့ ဖိုက်တာ မင်းရဲကျော်စွာသည်လည်း မာဂုဏ်မြင့် ရိုးရာလက်ဝှေ့ကျော်တစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here