ဗဟိုဘဏ် ညွှန်ကြားချက်အား မလိုက်နာသည့် ငွေလဲကောင်တာတစ်ခုကို ထပ်မံအရေးယူ

0
234

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ငွေလဲကောင်တာတစ်ခုကို ထပ်မံအရေးယူခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်အသိပေးထားသည်။

ဗဟိုဘဏ်က ၂၀၁၃ ခုနှစ် မတ်လ (၆) ရက်တွင် ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်အမှတ် – CBM FEMD-38/2013 ရရှိထားသည့် Ngee Myinn Phyu Co.,ltd အား အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

Ngee Myinn Phyu Co.,ltd သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၂) ကို ဖောက်ဖျက်သည့်အတွက် ယင်းဥပဒေအပုဒ်မ ၃၅ (ခ) အရ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် အား ၂၀၂၄ ခုနှစ် မတ်လ (၁၂) ရက်မှစတင်ပြီး ခြောက်လဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ငွေလဲကောင်တာများအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး ဥပဒေမလိုက်နာသည့် ကုမ္ပဏီ (၄) ခုကို အရေးယူခဲ့ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ဖြစ်သည်။

ယင်းကဲ့သို့ အရေးယူခံရသည့် ကုမ္ပဏီ (၄) ခုမှာ Thura Nay Tun (Fame Money Changer)၊ Lead Star Money Chan ger၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer တို့ဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၃၅)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် (၃)လရပ်ဆိုင်းခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here