နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာ၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဩစတြေးလျသွားမည်

0
128

ဆစ်ဒ်နီ၊မတ် ၁၄

ဩစတြေးလျနှင့်တရုတ်တို့အကြား နှစ်အတန်ကြာတင်းမာမှုများဖြစ်ပေါ်နေရာမှ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစွတာဝမ်ယိသည် ဩစတြေးလျသို့ လာမည့် ရက်သတ္တပတ်တွင် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

မစ္စတာဝမ်ယိနှင့်တွေ့ဆုံရန် မျှော်လင့်ထားကြောင်းလည်း မစ္စတာအယ်လ်ဘနီးဇ်ကပြောကြားခဲ့ကာ သြစတြေးလျ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားနိုင်ရန်အတွက် မကြာသေးမီလများအတွင်းက သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

ဩစတြေးလျနှင့်တရုတ်တို့ကြားတင်းမာမှုများသည် ၂၀၁၈ ခုလောက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

ဩစတေးလျနိုင်ငံခြား‌ရေးဝန်ကြီးသည် လာမည့်ဗုဒ္ဓဟူးနေ့၌ မစ္စတာဝမ်နှင့်တွေ့ဆုံစဉ်တွင် ကောင်စစ် ရေးရာကိစ္စများ၊ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ၊လူ့အခွင့်အရေး၊ပဋိပက္ခကာကွယ်ရေးနှင့် ဒေသတွင်းလုံခြုံရေးတို့ကို မြှင့်တင်‌မှုများကိုပါထည့်သွင်းဆွေးနွေးသွားရန်လည်းမျှော်လင့်ထားကြောင်းသိရသည်။

“ကျွန်တော်တို့ဟာ ကွဲပြားမှုတွေကို ပညာညဏ် အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းမယ်ဆိုရင် နှစ်နိုင်ငံကြားက တည်ငြိမ်တဲ့ဆက်ဆံရေးကတစ်ဆင့် သက်ဆိုင်ရာအကျိုးစီးပွားကို လုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟုလည်းသြစ‌တြေးလျ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် သြစတြေးလျသို့ နောက်ဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်ကတည်းကဖြစ်သည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here