ရုရှား၏ အနာဂတ်ကိုဆုံးဖြတ်ရန်မဲဆန္ဒရှင်များအား ပူတင်တောင်းဆို

0
348

မော်စကို၊မတ် ၁၄

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားသိမ်းပိုက်ခံ ယူကရိန်းနယ်မြေမှ ပြည်သူများအပါအဝင် ရုရှားနိုင်ငံသားများအနေဖြင့် ရုရှား၏အနာဂတ်အား မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် စည်းစည်းလုံးလုံး ဆုံးဖြတ်ကြရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့အနေနဲ့ စည်းလုံးညီညွတ်မှုကို အလေးပေးပြီး ပြဿနာတွေကိုလက်တွဲဖြေရှင်းကာ ရှေ့ကိုဆက်လျှောက်ဖို့က အရေးကြီးပါတယ်။ပြည်သူပြည်သား‌တွေ ရွေးချယ်လိုက်တဲ့မဲတိုင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါတယ်” ဟု ရုရှားနိုင်ငံ အရှေ့ပိုင်း၌ပြသခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပူတင်ကပြောကြားခဲ့သည်။

“ဒါကြောင့် လာမယ့်သုံးရက်အတွင်း ကျင်းပတော့မဲ့ ရွေးကောက်ပွဲမှာ အားလုံးရဲ့ မဲပေးပိုင်ခွင့်ကို မှန်ကန်စွာကျင့်သုံးဆုံးဖြတ်ဖို့ တောင်းဆိုလိုပါတယ်” ဟုလည်းဆိုခဲ့သည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သော သမ္မတပူတင်သည် ၂,၀၀၀ ပြည့်နှစ်ကတည်းက ရုရှား၌ ဝန်ကြီးချုပ်နှင့်သမ္မတရာထူးများဖြင့် အာဏာရထားသူဖြစ်ပြီးစစ်တမ်းများအရ ၎င်းအား ရုရှားနိုင်ငံသားအများစုက ထောက်ခံကြပြီး ပြီးခဲ့သည့်လက စစ်တမ်းတစ်ခု၌မူ ၎င်းကိုထောက်ခံမှု ၇၅ ရာခိုင်နှုန်းအထိရှိကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here