စမ်းချောင်းမြို့နယ် ဇေယျဝတီ (ဗဟိုလမ်း) တိုက် (၇)လွှာ နောက်ဖေးပေါက်မှ အမျိုးသားတစ်ဦး မတော်တဆ ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့

0
211

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဇေယျဝတီ (ဗဟိုလမ်း)ရှိ တိုက်ခန်း(၇)လွှာ နောက်ဖေးပေါက်မှ အမျိုးသား တစ်ဦး မတော်တဆ ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

မတ်လ (၁၄)ရက်၊ ည (၁၁)နာရီအချိန်ခန့်က ဇေယျဝတီ(ဗဟိုလမ်း)ရှိ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့စခန်းရုံး၏ ဘေး (၂) တိုက်ကျော် နောက်ဖေးတွင် လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျကြောင်း လာရောက် အကူအညီ တောင်းခံသဖြင့် အမြန်ဆုံးသွားရောက်ကာ လိုအပ်သည်များ ပြုစုခဲ့သော်လည်း ပြုတ်ကျသူအမျိုးသားမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်အရ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ဆေးရုံကြီးသို့ ရုပ်အလောင်းကို DB တင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here