သင်္ဃန်းညီနောင်ရွာအနီး တိုက်ပွဲဆက်ဖြစ်နေသည့်အတွက် ဝှေ့ရှမ်းကျေးရွာနေ ဒေသခံပြည်သူများ ထပ်မံတိမ်းရှောင်

0
101

ယနေ့ မတ်လ(၁၅)ရက် နံနက်ပိုင်းအချိန်တွင် သင်္ဃန်းညီနောင်ကျေးရွာအနီး၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည့်အတွက် ဝှေ့ရှမ်းကျေးရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသအတွင်းစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတော့ ဝှေ့ရှမ်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်။ သိရသလောက်တော့ အနီးနားက တိုက်ပွဲနဲ့လွတ်တဲ့ ရွာတွေဆီကို ပြေးနေကြတယ်။အရေအတွက်ဘယ်လောက်ရှိလည်းဆိုတာတော့ ဒီအချိန်မှာ မသိရသေးဘူး။”ဟု ၎င်းက ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားသည်။

ယနေ့ နံနက်ပိုင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူတစ်ဦး ကျည်ဆံထိမှန် ‌ေ-သဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယခု မတ်လ(၇)ရက်တွင် စတင်ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာအပါအဝင် မြစန္ဒီ၊ ရွာသစ်၊ ရှမ်းစု၊ မဲကနယ်၊မြေနီကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ (၃,၀၀၀)ကျော်မှာ မြဝတီမြို့နှင့် တိုက်ပွဲလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲကြောင့် ကနဦး ရက်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံ အမျိုး သမီး (၁) ဦးနှင့် အမျိုးသား (၃) ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ရွာသစ်သဘာဝရိပ်သာရှိ အဘိုး အဘွားများအနက် အဘိုး(၂)ဦး‌ေ-သဆုံးပြီး၊ (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသော နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် မတ်လ (၇)ရက်မှ စတင်ကာ ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်သွားကားလမ်းကို ယာယီသွားလာခွင့်ပိတ်ထားခဲ့ရသည်။

ပုံစာ-သင်္ဃန်းညီနောင် တိုက်ပွဲကြောင့် မြဝတီမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် စစ်ရှောင်ပြည်သူအချို့ (CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here