ရပ်ထားသည့် တွဲကားအား ဘေးတွဲယာဉ်မှ ဝင်တို-က်မိကာ ဘေးတွဲမောင်းသူ အမျိုးသား ထိခိုက်ဒဏ်ရာရ

0
107

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ထားသည့် တွဲကားအား ဘေးတွဲယာဉ်က အနောက်မှ ဝင်တို-က်မိခဲ့သဖြင့် ဘေးတွဲမောင်းသူ အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ (၁၅) ရက်၊ ည (၈)နာရီခွဲ အချိန်ခန့်က ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရတနာလမ်းမ ရာဇဂြိုလ်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှု သတင်းအရ 5B Taxi လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။  

ယာဉ်တို-က်မှုကြောင့် ထိခိုက်ဒဏ်ရာရ ဘေးတွဲမောင်းသူ အမျိုးသား (၁)ဦးအား 5B Taxi လူမှုကူညီရေးအသင်း Ambulance ယာဉ်ဖြင့် မြောက်ဥက္ကလာမေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here