၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်အတွက် မြန်မာလက်ရွေးစင်အသင်း စခန်းသွင်း လေ့ကျင့်

0
178

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်အတွက် ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ယခု မတ်လ (၁၁)ရက်မှစတင်ကာ နေ့စဉ်စခန်းသွင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

‌ခြေစစ်ပွဲကို ဆီးရီယားအသင်းနှင့် လာမည့်မတ်လ (၂၁) ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းတွင် ပဏာမ ကစားသမား (၃၅) ဦးကို ရွှေးချယ်ထားပြီး ကစားသမား စာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား (၂၂) ဦး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား (၁၃) ဦး စုစုပေါင်း (၃၅) ဦးတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။

အလားတူ အဝေးကွင်းပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့၌ မတ်လ(၂၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here