ကလေးလုပ်သား ပပျောက်ရန် ငါးနှစ်စီမံချက်ဖြင့် ဆောင်ရွက်မည်

0
106

မြန်မာတွင်နွမ်းပါးမှုနှင့် ကပ်ဘေးကြောင့် ကလေးလုပ်သား တစ်သန်းကျော် ရှိနေကြောင်း ILO ဆို

မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရန် ငါးနှစ်စီမံချက်ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းကပြောသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အမျိုးသားအဆင့် ပထမ(၅)နှစ်စီမံချက် (၂၀၁၉ -၂၀၂၃) တွင် ဘဏ္ဍာရေးနှစ် အလိုက်ကလေးလုပ်သား စစ်တမ်းကောက်ယူ ပြီးစီးခဲ့မှုနှင့် တွေ့ရှိချက်များကိုလည်း ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအချိန် ဇယားရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ကွဲပြားမှု မဖြစ်ပေါ်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ Pilot Project အဖြစ်ဆောင်ရွက်မည့် မြို့နယ်သတ်မှတ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့်အချက်များနှင့် စစ်တမ်းအစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များအပေါ် စောင့်ကြည့်လေ့လာသုံးသပ်သွားရန်နှင့် အခက်အခဲနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရန်လည်း ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေးငယ် တစ်သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ၏စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here