တိုက်လေယာဉ် နည်းပညာပေါက်ကြားမှုအတွက် ကိုရီးယား အာကာသနည်းပညာလုပ်ငန်းစုကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

0
208

ဂျက်တိုက်လေယာဉ်ပရောဂျက်တစ်ခုနဲ့ ဆက်စပ်တဲ့ နည်းပညာပေါက်ကြားမှုအတွက် စွပ်စွဲခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးနဲ့ ဆက်နွယ်ကာ လေကြောင်းအာကာသနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Korea Aerospace Industries (KAI) ကို သောကြာနေ့မှာ တောင်ကိုရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။

နိုင်ငံခြားသား အင်ဂျင်နီယာနှစ်ဦးဟာ အင်ဒိုနီးရှားက တစ်စိတ်တစ်ပိုင်း ကျောထောက်နောက်ခံပြုထားတဲ့ တောင်ကိုရီးယား ပြည်တွင်းဖြစ် တိုက်လေယာဉ် KF-21 နဲ့ ဆက်စပ်တဲ့ နည်းပညာပေါက်ကြားမှုဖြစ်စေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးသိုမှီးမှုပရိုဂရမ်ဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ကြာသပတေးနေ့မှာ စတင်ခဲ့တဲ့ စီးနင်းရှာဖွေမှုကို သောကြာနေ့မှာ ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Gyeongnam ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗျူယိုမှ အရာရှိတစ်ဦးက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။

ယုံကြည်မှုတည်ဆောက်ရန်အလို့ငှာ ရဲတပ်ဖွဲ့ စုံစမ်းဆေးမှုမှာ လိုအပ်သမျှ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ကုမ္ပဏီက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ KAI ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

KAI မှ ထုတ်လုပ်တဲ့ KF-21 ဟာ တောင်ကိုရီးယားက မှီခိုအားထားနေတဲ့ အမေရိကန်လုပ် F-35 ထက် ဈေးသက်သာပြီး လျှို့ဝှက်မှုနည်းသော အမျိုးအစားတစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားကြောင်း သိရပါတယ်။

နည်းပညာပေါက်ကြားမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြီးခဲ့တဲ့လအတွင်း သတင်းထောက်တွေကို ပြောဆိုရာမှာ မိမိတို့အစိုးရအနေနဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အထောက်အထားတွေ စုဆောင်းနေတယ်လို့ ဆိုခဲ့ပါတယ်။ KF-21 ဟာ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာမြောက် ပရောဂျက်တစ်ခုဖြစ်ပြီး ဒီပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ပေါက်လာတဲ့ ပြဿနာမှန်သမျှကို တတ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့ဟာ ၂၀၂၂ ခုနှစ်က ပူးတွဲတိုက်လေယာဉ်ပရောဂျက်အတွက် ရန်ပုံငွေ ထည့်ဝင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့ကြပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

Ref: Nasdaq


LEAVE A REPLY

Please enter your comment!
Please enter your name here