လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်ပြီး မတ် (၁၉) ရက်မှစတင်ကာ ခရီးစဉ်များ ပြေးဆွဲမည်ဟုဆို

0
262

ရှမ်းမြောက် တိုက်ပွဲများကြောင့် ပိတ်ထားရသည့် လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ပြီး လာမည့် မတ်လ (၁၉) ရက်တွင် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည် ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် လေကြောင်းလိုင်းများထံမှ စုံစမ်းသိရသည်။

လားရှိုးလေဆိပ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှစတင်ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် (၅) လ ဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်သည်။

အဆိုပါ လားရှိုးလေဆိပ်ကို ယနေ့ မတ်လ (၁၆) ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လေကြောင်းခရီးစဥ် ပျံသန်းပြေးဆွဲမှုများကို လာမည့် မတ်လ (၁၉) ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

“လေဆိပ်ကတော့ ပြန်ဖွင့်ပြီ။ လေယာဉ်လက်မှတ်တွေကိုတော့ မရောင်းသေးပါဘူး။ ဘယ်လေကြောင်းလိုင်းကပြေးဆွဲမယ်ဆိုတာ တိတိကျကျမသိရသေးလို့”ဟု လေယာဉ်လ က်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

လာမည့် ၁၉ ရက်မှစတင်၍ MAI နှင့် မင်္ဂလာလေကြောင်းလိုင်းမှ လားရှိုးလေဆိပ်သို့ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းများမှ အသိပေးကြေညာ ထားသည်။

ယခင်က လားရှိုးလေဆိပ်မှတဆင့် ရန်ကုန် ၊ မန္တလေး ၊ မြစ်ကြီးနား ၊ တာချီလိတ် စသည့်မြို့များသို့ လေကြောင်းခရီးစဉ်များဖြင့် ခရီးသွားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here