စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ ဆံပင်ညပ်ဆိုင်တစ်ဆိုင်တွင် မီးစက်နှိုးထားရာမှ ဆိုင်ရှိ အမျိုးသမီး (၇)ဦးမှာ မီးခိုးမွှန်ပြီး သတိလစ်မူးမေ့၊ ဆေးရုံသို့ ပို့ဆောင်လိုက်ရ

0
145

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက် မင်းလမ်းရှိ ဆံပင်ညပ်ဆိုင်တစ်ဆိုင်တွင် မတ်လ (၁၆)ရက်၊ ည (၇)နာရီခွဲအချိန်ခန့်က လျှပ်စစ်မီးပျက်ချိန် မီးစက်နှိုးထားရာမှ ဆိုင်ရှိ အမျိုးသမီး (၇)ဦးမှာ မီးခိုးမွှန်ပြီး သတိလစ်မူးမေ့ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။

စမ်းချောင်းရှိ မင်းလမ်းရှိ ဆံပင်ညပ်ဆိုင်တစ်ဆိုင်တွင် မီးခိုးမွှန်ပြီး သတိလစ်မူးမေ့သည့် လူနာများ ရှိသည့်အတွက် နီးစပ်ရာ Ambulance အသင်းများ ထွက်ခွာ ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မူးမေ့လူနာ အမျိုးသမီး (၇)ဦး (မစိုးရိမ်ရ)အား ပရဟိတအသင်း Ambulance ယာဉ်များဖြင့် ဂျပန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၁၆)ရက်၊ ညနေ (၃)နာရီခွဲခန့်အချိန်မှ စတင်၍ ရန်ကုန်မြို့တွင် System Breakdown ဖြစ်ရာမှ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်နေ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက် နေပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ခဲ့သည်။

ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်းဟုဆိုကာ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here