မဟာအောင်မြေမြို့နယ်ရှိ လူနေ (၂)ထပ်အိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွား

0
120

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ လူနေ (၂)ထပ်အိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းတို့မှ သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ (၁၇) ရက် နံနက် (၀၀)နာရီ (၅၁)မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ အပိုင်း(၁)၊ (၃၆)လမ်း၊ (၇၁)လမ်းနှင့် (၇၂)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မဟာအောင်မြေမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းတို့မှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း နယ်မြေခံ မီးသတ်ကားများနှင့်အတူ မီးလောင်ပြင်သို့ မီးအလင်းရောင်ရရှိရေးအတွက် အရေးပေါ် ကယ်ဆယ်ရေးယာဉ် (Lighting) ဖြင့် အတူ ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက် (၁)နာရီ (၅) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေး တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here