ပြည်တွင်းသုံး ကုလားပဲ အနည်းငယ်ဈေးမြင့်တက်လာပြီး ပဲစင်းငုံ ဈေးကျဆင်းနေ

0
177

ဈေးကွက်အတွင်း ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးပြန်မြင့်တက်လာပြီး ပို့ကုန် ပဲစင်းငုံဈေး ကျဆင်းနေကြောင်း ပဲကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပို့ကုန်ပဲများ ဈေးကျဆင်းရာမှ အနည်းငယ်သာဈေးပြန်တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆံအရောင်းအဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း အသစ်ဝင်ပဲများ ဝင်ရောက်လာမှုကြောင့် ဈေးကျဆင်းမှုများရှိနေပြီး လက်ရှိပေါက်ဈေးများမှာ လှောင်လက်သမားများအကြိုက် အဝယ်ကောင်းနေကြောင်း သိရသည်။

တရုတ်လိုင်း လမ်းကြောင်းပြန်ကောင်းလာခြင်းကြောင့် ပဲကြီး၊ ပဲထောပတ်၊ မြေပဲလုံးဆံတို့သာ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ပဲကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာပြီး ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေရာက ပြန်တက်လာရာ ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၂၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here