တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့တွင် ဖြေဆိုသူ ၁၂၀၀၀၀ ကျော်ရှိခဲ့

0
136

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဘောဂ ဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ ဆက်လက်ဖြေဆိုခဲ့ရာ ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူဦးရေ ၈၀၀၀၀ ကျော်နှင့် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူဦးရေ ၄၅၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၁) ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် ဘောဂဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာနခြောက်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၈ ခု စာစစ်ဌာန စုစုပေါင်း ၈၃၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၉၈၀၄၁ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၈၃၅၁၀ ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် ဇီဝဗေဒဘာသာရပ်အား နိုင်ငံခြား စာစစ်ဌာနခြောက်ခုနှင့် ပြည်တွင်း၌စာစစ်ဌာန ၇၆၂ ခု စာစစ်ဌာန စုစုပေါင်း ၇၆၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၄၈၄၈၂ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၄၅၁၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here