ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

0
159

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း၊ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားသား ပုဂ္ဂလိ ကျောင်းဆရာ ပါဝင်သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များမှ မတ်လ (၁၅)ရက်က လှိုင်မြို့နယ်ရှိ STI MYANMAR UNIVERSITY နှင့် လမ်းမတော်မြို့နယ်ရှိ CHINDWIN TECHNOLOGICAL UNIVERSITY သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကကျောင်း (၈၄၂) ကျောင်းရှိပြီး ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here