ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၄) ပါတီထုတ်ပြန်

0
160

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များအား ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ရှုံ့ချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၄) ပါတီမှ မတ်လ (၁၆) ရက် ရက်စွဲဖြင့် စုပေါင်း ထုတ်ပြန်ထားသည်။

အဆိုပါ နိုင်ငံရေးပါတီ (၂၄) ခုတွင် ကြံ့ခိုင်ရေး ပါတီအပြင် နစက အကြံပေးများဖြစ်သည့် ဦးသိန်းညွန့် ဦးဆောင်ခဲ့သည့် NNDP ပါတီ၊ ဦးခင်မောင်ဆွေ ဦးဆောင်ခဲ့သည့် NDF ပါတီ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်ခဲ့ဖူးသည့် PPP ပါတီ တို့အပြင် တ.စ.ည ပါတီ၊ ဦးစိုင်းအိုက်ပေါင်း၏ ကျားဖြူပါတီ ၊ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီတို့လည်း ပါဝင်သည်ကို တွေ့ရသ ည်။

အဆိုပါ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်ကို မတ်လ (၁၆) ရက်တွင် ကြံ့ခိုင်ရေးပါတီမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ထုတ်ပြန်ချက်တွင် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မဲစာရင်းမှားယွင်းမှု အချက်အလက်အချို့နှင့် နစက နိုင်ငံတော်တာဝန်ရယူခဲ့သည့်ဖြစ်စဉ် အချက်အလက်အချို့ကို ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတစ်ဝန်း ပစ်ခတ်တိုက်ခိုက်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ‌ေ-သဆုံး ၊ ပျက်စီးခဲ့ရမှု စာရင်းအချက်အလက်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ ‌ေ-သဆုံးသူ (၈၉၂၈) ဦး၊ လူနေအိမ်နှင့် နိုင်ငံပိုင်အဆောက်အဦ မီး‌ရှို့ခံရမှု (၁၆၆၁) ကြိမ်၊ စက်ရုံအလုပ်ရုံ ၊ စူပါမားကတ်များ မီးရှို့ဖျက်ဆီးခံရမှု(၄၄) ကြိမ်၊ ရုံး ၊ အဆောက်အဦများ တိုက်ခိုက်ခံရမှု (၁၀၉) ကြိမ်၊ လမ်းတံတားများ ဖျက်ဆီးခံရမှု (၈၅၆) ကြိမ်၊ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများ မီးရှို့ခံရမှု (၉၇၆) ကြိမ်၊ လက်လုပ်ဗုံး/လက်ပစ်ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲမှု (၁၉၄၆) ကြိမ်၊ ကျောင်း/ရုံးနှင့် အခြားအဆောက်အဦများ လက်ပစ်ဗုံး / လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခံရမှု (၆၈၄၅) ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် နိုင်ငံတော်၏ အနာဂတ်ကို မှေးမှိန်ပျက်စီးစေရုံသာမက နိုင်ငံ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်ပေးထားသည့် အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအတွက် အခက်အခဲများ ရှိနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် အကြမ်းဖက် လုပ်ရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များအား ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်သည်ဟု နိုင်ငံရေးပါတီ (၂၄) ခုက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here