ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများကို ဂျော်ဒန်ဘုရင် နှင့် ဂျာမနီအဓိပတိ ယနေ့ မတ်လ ၁၇ ရက်နေ့တွင် ဆွေးနွေးမည်

0
160

ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာသည် ဂျာမနီအဓိပတိ Olaf Scholz နှင့် မတ်လ ၁၇ ရက်တွင် ပင်လယ်နီကမ်းခြေရှိ Aqaba မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း Ammon သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ဝဘ်ဆိုဒ်အဆိုအရ Scholz သည် တနင်္ဂနွေနေ့တွင် ၎င်း၏ ဒေသဆိုင်ရာ ခရီးစဉ်အတွင်း ဆွေးနွေးမည့်နေရာသို့ ရောက်ရှိခဲ့ပြီး ဂါဇာကမ်းမြှောင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မကြာမီအချိန်အတွင်းဝယ် ဂျော်ဒန်ဘုရင်နှင့် ဆွေးနွေးမည်ဖြစ်သည်။

ဘာလင်မှ မထွက်ခွာမီတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် လေယာဉ်များမှ အကူအညီများ ပေးပို့ခြင်းသည် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ကြောင်း Scholz က ပြောကြားခဲ့သည်။

“ဒါက သေချာပေါက် မလုံလောက်ပါဘူး၊ နောက်ထပ် မြေပြင်စင်္ကြံတစ်ခု ဖွင့်ဖို့ လိုအပ်ပါတယ်” ဟု အဓိပတိက ဆိုသည်။

အစ္စရေးသည် ပါလက်စတိုင်းလူမျိုးများကို ‌ေ-သဆုံးစေရန်အတွက် စားနပ်ရိက္ခာ၊ ရေ၊ လောင်စာနှင့် ဆေးဝါးများ အစရှိသည့် လူသားများ၏ အသက်ကို ထိန်းထားရန် လိုအပ်သည့်အရာအားလုံးကို ဖျက်ဆီး ဖယ်ရှားခဲ့ကြောင်း ဂျော်ဒန်ဘုရင်က ဘမတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

မတ် ၁၆ ရက်တွင် ဂျော်ဒန်လေတပ်သည် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုန်စည်ပို့ဆောင်ခြင်း နောက်ထပ်စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့နှင့်အတူ ပြုလုပ်ခဲ့သည်။ စုစုပေါင်း ရိက္ခာ ၂.၇ တန်ကို နယ်မြေ၏ မြောက်ပိုင်းသို့ ကြဲချခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ရန်အတွက် ဂါဇာတွင် ယာယီဆိပ်ကမ်းတစ်ခု ထူထောင်မည်ဟု ယခင်ကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here