ခွန်ခမာချန်ပီယံခါးပတ်လုပွဲ မြန်မာကိုယ်စားပြု စိုးမိုးဇော် အနိုင်ရရှိ

0
183

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ယမန်နေ့ မတ်လ (၁၇)ရက်နေ့က ကျင်းပပြုလုပ်သော ခွန်ခမာချန်ပီယံခါးပတ်လုပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ဖိုက်တာ စိုးမိုးဇော်က ဥပါကစ္စတန်သား အာဆတ်ကို ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဥ်တွင် စိုးမိုးဇော်က ပြိုင်ဘက်ဖြစ်သူ အာဆတ်ကို ငါးချီပြည့်ချိန်အထိအသာစီးဖြင့် ထိုးသ-တ်ခဲ့ကာ ဒိုင်ရမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

” နှစ်ယောက်စလုံးအပြန်အလှန်ထိချက်တွေရှိကြပေမယ့် စိုးမိုးဇော်ရဲ့ထိချက်တွေက အများကြီးသာပါတယ်။.စိုးမိုးဇော်အနိုင်နဲ့ ထိုက်တန်ပါတယ်။ ဒီပွဲမှာ ပြိုင်ဖက်ကစားသမားရဲ့ခံနိုင်ရည် မာဂုဏ်ကိုတော့ အသိအမှတ်ပြုချီးကျူးရမှာပါ။ တော်ရုံဖိုက်တာဆိုရင် စိုးမိုးဇော်ရဲ့ လက်သီးထိချက်တွေကြောင့် ငါးချီ မရောက်ခင် ကျသွားလောက်ပြီ။”ဟု ရိုးရာ လက်ဝှေ့ ဝါသနာရှင်တစ်ဦးက သူ၏ အမြင်ကို သုံးသပ်ပြောကြားသည်။

ခွန်ခမာခါးပတ်လုပွဲအတွက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသော စိုးမိုးဇော်အနေဖြင့် ယခုပွဲစဉ်သည် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး၊ ပထမပွဲစဉ်တွင် ခွန်ခမာဖိုက်တာ သီးဗာရစ်ကို ရှုံးနိမ့်ထားသည်။

ယခု ကျင်းပသည့် ခွန်ခမာချန်ပီယံခါးပတ်လုပွဲသည် လက်ဝှေ့ဖိုက်တာ (၈)ဦး ပတ်လည်စနစ်ဖြင့်ထိုးသ-တ်၍ ခွန်ခမာချန်ပီယံဆု ရရှိရန်ယှဉ်ပြိုင်နေကြသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here