Myanmar Women League 2024 ပြိုင်ပွဲအတွက် ရှမ်းယူနိူက်တက်အသင်း ပဏာမ ကစားသမား (၂၅)ဦး ရွေးချယ်မည်

0
231

Myanmar Women League 2024 ပြိုင်ပွဲအတွက် ရှမ်းယူနိူက်တက်အသင်း ပဏာမ အမျိုးသမီးကစားသမား (၂၅)ဦး ကို‌
ရွေးချယ်သွားမည်ဖြစ်ကြောင်း အသင်းနည်းပြ ဒေါ်အိအိက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ‌လူရွေးချယ်ပွဲကို ယခု မတ်လ (၂၁)ရက်‌တွင် တောင်ကြီးမြို့၊ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူရွေးပွဲကို အသင်းရှိတဲ့ တောင်ကြီးမြို့တစ်ခုတည်းမှာပဲ လုပ်မှာပါ။ အခြားမြို့မှာ မလုပ်ပါဘူး၊ ပဏာမအနေနဲ့(၂၅)ဦးရွေးမယ်။ ဘယ်သူမ‌ဆို လာရောက်
ရွေးချယ်ခံနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ရှမ်းယူနိုက်တက်၏ အမျိုးသမီးဘောလုံးအသင်းအား လူရွေးချယ်မှုများဆောင်ရွက်ပြီးပါက အသင်းဖွဲ့စည်း ပုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း တဆက်တည်း ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

“ရှမ်းပြည်နယ်မှာ ခြေစွမ်းခြေစ ကောင်းတဲ့အမျိုးသမီးဘောလုံးသမားတွေ အများကြီးရှိတယ်။ အခုလူရွေးပွဲမှာ အဲဒီ ကစားသမားတွေ လာအရွေးခံမယ်လို့ မျှော်လင့်ပါတယ်။ ကတိပေးနိုင်တာက ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းဟာရှမ်း အမျိုးသားအသင်းလိုပဲ အောင်မြင်ရမယ်။ ပရိသတ်တွေ ဂုဏ်ယူရတဲ့အသင်း ဖြစ်ရမယ် ” ဟု အသင်းမန်နေဂျာ ဦးသီဟစည်သူက လူရွေးပွဲနှင့်ပတ်သက်၍အသင်းကိုယ်စားပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here