ဒုတိယမြောက် ထောက်ပံ့ရေးသင်္ဘော ဂါဇာသို့ထွက်ခွာရန်အဆင်သင့်ဖြစ်နေပြီဟု ဆိုက်ပရပ်စ်ဆို

0
138

ဂါဇာ၊မတ် ၁၇

ဂါဇာကမ်းမြောင်ဒေသအတွက် ပထမတစ်ခေါက် ထွက်ခွာသွားသည့် ထောက်ပံ့ရေးသင်္ဘောပြန်‌  ရောက်လာချိန်တွင် အကူအညီများတင်ဆောင်ထားသည့် ဒုတိယသင်္ဘောတစ်စင်းသည် စနေနေ့၊မတ်လ ၁၅ ရက် အစောပိုင်းတွင် ထွက်ခွာနိုင်ကြောင်း ဆိုက်ပရပ်စ်ကပြောကြားခဲ့သည်။

ထောက်ပံ့ရေးသင်္ဘော ဂျနီဖာသည် ယနေ့ (သို့) မနက်ဖြန်တွင် ဂါဇာသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Theodoros Gotsis က နိုင်ငံပိုင်ရေဒီယိုသို့ပြောကြားခဲ့သည်။

အမေရိကန်ပရဟိတအဖွဲ့ World Central Kitchen မှ Jennifer အမည်ရှိ အဆိုပါသင်္ဘောသည် ရိက္ခာတန်ချိန် ၂၄၀ တင်ဆောင်ထားပြီး အဆင်သင့်ဖြစ်နေသော်လည်း ကြမ်းတမ်းသည့်ရာသီဥတုကြောင့် ဂါဇာသို့ မည်သည့်အချိန်တွင် ရွက်လွှင့်နိုင်မည်ကို ခန့်မှန်းရခက်စေသည်ဟုပြောကြားခဲ့သည်။

“ရေကြောင်းမိုးလေဝသသတင်းများအရ တနင်္ဂနွေနေ့မှစ၍ နောက် ရက်သတ္တပတ်အကုန်အထိ ရာသီဥတုဆိုးရွားနေနိုင်သဖြင့် ဂါဇာကမ်းမြောင်ကပြန်မည့်သင်္ဘောသာမက ဂါဇာသို့သွားမည့်သင်္ဘောအတွက်ပါ ခရီးစမည့်အချိန်အတိအကျကိုမသိနိုင်ပါဘူး” ဟုလည်း ပရဟိတအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပထမသင်္ဘောပေါ်မှ ထောက်ပံ့ရေးပစ္စည်းများအား ချပြီးပြီဖြစ်၍ စတင်ဖြန့်ဝေရန်အဆင်သင့်ရှိနေပြီဟုဆိုကာ ဒုတိယအကြိမ်မြောက်ထွက်ခွာမည့် Jennifer သင်္ဘော၌မူ ပဲ၊မုန်လာဥနီ၊တူနာစည်သွတ်ဗူး၊ကုလားပဲ၊ ပြောင်းဖူး၊ဆန်ပြုတ်၊ဂျုံမှုန့်၊ဆီနှင့် ဆားများ အပါအဝင် စည်သွတ်ဘူးများနှင့်အခြားကုန်ပစ္စည်းအမြောက်အများပါဝင်ကြောင်းလည်း ပရဟိတအဖွဲ့ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here