ပြိုင်ဘက်တွေနဲ့တင်းမာနေတဲ့ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ပြန်စလာ

0
137

မြောက်ကိုရီးယားဟာ တနင်္လာနေ့(မတ် ၁၈) မနက်ပိုင်းက အရှေ့ပင်လယ်ရေပြင်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များစွာ ပစ်လွှတ်ခဲ့တယ်လို့ ယင်းရဲ့ အိမ်နီးချင်းတွေက ပြောဆိုပါတယ်။ မြောက်ကိုရီးယားဘက်က ကျူးကျော်ဖို့အစမ်း လေ့ကျင့်ခြင်းတွေလို့မြင်တဲ့ တောင်ကိုရီးယား-အမေရိကန်စစ်ရေးလေ့ကျင့်မှုတွေအပြီး ရက်ပိုင်းအကြာမှာ အခုလို ဒုံးပစ်လွှတ်မှုတွေလုပ်လာတာဖြစ်ပါတယ်။

ဒီပစ်လွှတ်မှုတွေဟာ တစ်လခန့်အကြာမှာ မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်မှုတွေဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၎င်းရဲ့ အနာဂတ် သံတမန်ရေးသြဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့အတွက် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ စစ်ရေးကြွေးကြော်သံတွေနဲ့ ဒုံးကျည်ဆက်သပ်မှုတွေ ဆက်လုပ်နေလိမ့်မယ်လို့ ပြင်ပ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်အကြား ရေပြင်ဆီ ပဲ့ထိန်းဒုံးများစွာ ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက လွှတ်တော်အစည်းအဝေးတစ်ခုမှာ ပြောဆိုပါတယ်။ အဆိုပါ ဒုံးကျည်တွေဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်ပြင်ပမှာ ကျရောက်ခဲ့ပြီး ပျက်စီးထိခိုက်မှုမျိုး မရှိခဲ့ဘူးလို့ သိရကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ ဒေသတွင်းနဲ့ ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့အပေါ် ခြိမ်းခြောက်မှုဖြစ်စေတဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစပ်သပ်မှုတွေ ထပ်ကာထပ်ကာလုပ်ဆောင်နေခြင်းအား ကီရှီဒါက ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်သော ယင်း ပဲ့ထိန်းဒုံးစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကို ဂျပန်နိုင်ငံက အပြင်းအထန်ကန့်ကွက်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ အဆိုအရ မြောက်ကိုရီးယားက ဒုံးကျည် သုံးစင်းပစ်လွှတ်ခဲ့ပြီး နှစ်စင်းကိုတော့ မနက် ၇ နာရီနဲ့ ၈ နာရီအကြားမှာ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒုံးကျည်တွေအားလုံးဟာ မိုင် ၂၂၀ အကွာအထိ ရောက်ရှိခဲ့ပြီး ဒုံးကျည်တွေရဲ့ အရှိန်နှုန်းက တစ်နာရီ မိုင် ၃၀ ခန့်ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားစစ်တပ်ကလည်း တနင်္လာနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးလို့ယူဆရတဲ့ ဒုံးကျည်များစွာ ပစ်လွှတ်ခဲ့တာကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်အနေနဲ့ ၎င်းရဲ့ ထောက်လှမ်းစောင့်ကြည့်ရေးအနေအထားကို အားကောင်းစေပြီး အမေရိကန်၊ ဂျပန်တို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here