မြန်မာနှင့် ဘရာဇီး နှစ်နိုင်ငံအကြား အာဆီယံမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

0
139

အာဆီယံ၏ Sectoral Dialogue Partner နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံနှင့် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်‌ရေးအတွက် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနှင့် ဘရာဇီးသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော်နှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးအသစ်ဖြစ်သူ H.E. Mr. Gilberto Fonseca-Guimaraes De Moura တို့ မတ်လ (၁၈) ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ကမြန်မာသံရုံး၊ ဧည့်ခန်းမ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ – ဘရာဇီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အာဆီယံ၏ Sectoral Dialogue Partner နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံနှင့် အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘရာဇီးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မျှဝေခြင်းစသည့် ကိစ္စရပ်များအပေါ်လည်း ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here