ယူကရိန်းရေတပ်ဒရုန်းများအား ပိုမိုပစ်ခတ်ရန် ရုရှားအမိန့်ထုတ်

0
118

မော်စကို၊မတ် ၁၈

ရုရှားစစ်သင်္ဘောများ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပြီးနောက် ယူကရိန်းလေကြောင်းနှင့်ရေတပ်ဒရုန်းများ၏ ခြိမ်းခြောက်မှုကိုတန်ပြန်ရန် ရုရှားရေတပ်အတွက် လေ့ကျင့်ရေးများတိုးမြှင့်ပေးဖို့ မတ်လ ၁၇ ရက်တွင် အမိန့်ပေးခဲ့ကြောင်းသိရသည်။

“ရေတပ်ဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးတွေ နေ့တိုင်းလုပ်ပြီး၊ဝေဟင်နဲ့ မောင်းသူမဲ့သင်္ဘောတွေရဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ လေ့ကျင့်ပေးနေပါတယ်” ဟု ရုရှားနိုင်ငံတောင်ပိုင်း ပင်လယ်နက်ရေတပ်သို့ သွားရောက်လည်ပတ်စဉ် ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ပင်လယ်နက်သည် ရုရှား – ယူကရိန်း နှစ်နှစ်ကြာ ပဋိပက္ခအတွင်း အရေးပါသော စစ်မြေပြင်တစ်ခုဖြစ်ပြီး ယူကရိန်းက ပင်လယ်နက်အတွင်း ရုရှားသင်္ဘော နှစ်ဒါဇင်ကျော်ကို ဖျက်ဆီးခဲ့သည်ဟုသိရသည်။

ယူကရိန်းအရာရှိများသည် ၎င်းတို့၏ မြေပြင်တပ်များမကြာခဏ ဆုတ်ခွာနေရပြီး ယူကရိန်းအရှေ့ပိုင်းတွင် ခံစစ်ကို အသည်းအသန်တွန်းလှန်နေရချိန်တွင် ပင်လယ်နက်အတွင်း စစ်ရေးအရအောင်မြင်မှုများရရှိရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်ဟုလည်းသိရသည်။

ယူကရိန်းနိုင်ငံရှိ GUR စစ်ဘက်ထောက်လှမ်းရေးတပ်ဖွဲ့သည်လည်း ယခုလအစောပိုင်းက ၉၄ မီတာရှိသော ရုရှားစစ်ဘက်ကင်းလှည့်သင်္ဘော Sergei Kotov ကို တိုက်ခိုက်ခဲ့ကြောင်း ဗီဒီယိုတစ်ခုဖြင့်ထုတ်ပြန်ခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here