ဂါဇာ၌ မေလတွင် ငတ်မွတ်မှုဘေးကြုံရနိုင်သည်ဟု ကုလကျောထောက်နောက်ခံပြု အစီရင်ခံစာဆို

0
126

ဂါဇာ၊မတ် ၁၈

အစ္စရေး – ပါလက်စတိုင်းအရေး ငါးလကျော်ကာလအတွင်းရောက်ရှိလာချိန်တွင် သိမ်းပိုက်ခံဂါဇာကမ်းမြောင်ဒေသ၏မြောက်ပိုင်းတွင် ယခုအချိန်မှစ၍ မေလအတွင်း ငတ်မွတ်ခေါင်းပါးမှုဘေးနှင့်ကြုံတွေ့ရနိုင်ကြောင်း ကုလကျောထောက်နောက်ခံပြု အစီရင်ခံစာ၏ဖော်ပြချက်အရသိရသည်။

ပိတ်ဆို့ခံထားရသော ဧရိယာအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် အငတ်ဘေးကြုံတွေ့နေရသူပေါင်း ၁ ဒသမ ၁ သန်းအထိမြင့်တက်လာကာ အဆိုပါပမာဏသည် ဂါဇာဒေသလူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်းလည်းသိရှိရသည်။

ဥရောပသမဂ္ဂကမူ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအတွင်း အငတ်ဘေးကြုံတွေ့ရအောင်လုပ်ဆောင်နေပြီး ငတ်မွတ် ခေါင်းပါးမှုဘေးကို စစ်ပွဲ၏ လက်နက်တစ်ခုအဖြစ်အသုံးချနေသည်ဟုစွပ်စွဲပြောကြားခဲ့သည်။

သို့သော် အစ္စရေးကမူ ၎င်းတို့အနေဖြင့် ယခုပြုလုပ်နေသမျှအရာအားလုံးသည် အရပ်သားပြည်သူများအား ထိခိုက်စေလိုခြင်းမဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် စစ်ရေးပစ်မှတ်ဖြစ်သည့် ဟားမတ်စ်အဖွဲ့ကိုသာ အဓိကထားချေမှုန်းလိုခြင်းသာဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here