ရာဖာချေမှုန်းရေးအစီအစဉ်အားဆက်လက်လုပ်ဆောင်မည်–နေတန်ယာဟု

0
122

ကိုင်ရို/ဂျေရုဆလင်၊မတ် ၁၈

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းအနေဖြင့် ဂါဇာ၌ ဟားမတ်စ်သုတ်သင်မှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

အရပ်သား‌ေ-သဆုံးမှုများဖြစ်‌စေသည့် တိုက်ခိုက်မှုများအားရှောင်ရှားရန် အစ္စရေးသို့ နိုင်ငံတကာဖိအားပေးမှုများရှိနေသော်လည်း စစ်ပွဲကာလငါးလကျော်ကြာပြီးနောက် ဂါဇာရှိ နောက်ဆုံးနေရာဖြစ်သည့် ရာဖက်ရှ်သို့ အစ္စရေးကဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း နေတန်ယာဟုက ဝန်ကြီးအဖွဲ့အစည်းအဝေးတွင်ပြောကြားခဲ့သည်။

သို့သော် ၎င်းတို့အစ္စရေးတပ်အနေဖြင့် အရပ်သားပြည်သူများကိုမထိခိုက်စေရန် စစ်ဆင်ရေးအားလုပ်ဆောင်မည့်အချိန်၌ မြို့ထဲရှိပြည်သူများအားလုံးကို ထွက်ခွာခိုင်းမည်ဖြစ်ကြောင်း နေတန်ယာဟုက ဂျာမနီဝန်ကြီးချုပ်အားပြောကြားခဲ့သည်။

အလားတူပင် အစ္စရေး၏မဟာမိတ်များကိုယ်တိုင်ကလည်း ပြေးစရာမြေမရှိတော့သဖြင့် ရာဖက်ရှ်သို့တိမ်းရှောင်နေရသည့် အရပ်သားပြည်သူများအား ငဲ့ညှာသောအားဖြင့် အရပ်သားများဘေးကင်းရေးအစီအစဉ်များမပြုလုပ်ဘဲ တိုက်ခိုက်ခြင်းမလုပ်ရန်လည်း နေတန်ယာဟုအားဖိအားပေးနေကြသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများသည် စားနပ်ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာများ အလွန်အမင်းလိုအပ်နေပြီး နှစ်ဖက်စလုံးအနေနှင့်အပစ်အခတ်ရပ်တန့်ရန်၊ဓ-ားစာခံများကို အိမ်ပြန်ပို့ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ခွင့်များလည်းလုပ်ခွင့်ပြုရန်လိုအပ်သည်ဟုဆိုသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here