အမေရိကန် MQ9 Reaper ဒရုန်းတစ်စင်း မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပိုလန်တွင် အရေးပေါ်ဆင်းသက်

0
158

အမေရိကန်လေတပ်မှ MQ9 Reaper ဒရုန်းတစ်စီးသည် ၎င်း၏မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပိုလန်နိုင်ငံ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ပိုလန်စစ်တပ်၏ အထွေထွေကွပ်ကဲရေးဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“မတ် ၁၈ ရက် ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီ နောက်ပိုင်း (၀း၀၀ ဂရင်းနစ်စံတော်ချိန်၊ မတ် ၁၉ ရက်) ပိုလန်လေပိုင်နက်မှာ ပျံသန်းနေတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ Miroslawiec မြို့အနီး အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်”ဟု လူမှုကွန်ရက် X (ယခင် Twitter) တွင် တင်ထားသည့် ကြေညာချက်တွင် ရေးသားထားသည်။ “လူသူမဲ့ဧရိယာမှာ လုပ်ထုံးလုပ်နည်းအားလုံးနဲ့အညီ ဆင်းသက်တာဖြစ်ခဲ့ပါတယ်။”ဟုလည်း ထပ်လောင်းရေးသားထားသည်။

ယင်းဒရုန်းဆင်းသက်သည့် နေရာကို အထူးတပ်ဖွဲ့များဖြင့် ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

MQ9 Reaper ဒရုန်းတစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ မျှ တန်ဖိုးရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here