မလေးရှားတွင် ဂတ်စ်အိုးပေါက်ကွဲကာ မြန်မာလုပ်သားနှစ်ဦး ‌ေ-သဆုံး

0
183

မလေးရှားနိူင်ငံ၊ ဆလန်းကောပြည်နယ် ၊ပူချွန်းမြို့ရှိစက်ရုံတွင် ဂက်အိုးပေါက်ကွဲရာမှ မြန်မာလုပ်သားနှစ်ဦး ‌ေ-သဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း မလေးရှားနိုင်ငံတွင် နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

‌ေ-သဆုံးသူမြန်မာလုပ်သားနှစ်ဦးမှာ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကုန်းဇရပ်ကျေးရွာတွင်နေထိုင်သည့် အသက် (၃၃) နှစ်အရွှယ် ကိုပြည့်စုံဖြိုးနှင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေကြာတန်းကျေးရွာတွင်နေထိုင်သော အသက် (၂၉) နှစ်အရွယ် ကိုရှိုင်းအောင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏ ရုပ်အလေ-ာင်းအား ကပုန်းမြို့မြန်မာလူမူကူညီရေးအသင်းက ယမန်နေ့ မတ်လ (၁၈)ရက်တွင် မလေးရှားနိူင်ငံ၊ ပူချွန်းမြို့(၁၄)မိုင် မီးသဂြိုလ်စက်၌ သဂြိုလ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၃)ရက်က ၎င်းတို့ နှစ်ဦး အလုပ်လုပ်ကိုင်လျှက်ရှိသော သံထည်စက်ရုံအတွင်း အလုပ်လုပ်နေစဉ် သံချောင်းဖြတ်ရာ၌ အသုံးပြုသော ဂတ်စ်အိုးပေါက် ကွဲကာ ‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here