ရုရှား-နေတိုး ပဋိပက္ခဖြစ်လျင် တတိယကမ္ဘာစစ်က ခြေတမ်းလှမ်းစာသာရှိတော့ဟု အနောက်တိုင်းကို ပူတင် သတိပေး

0
133
Russian President and presidential candidate Vladimir Putin meets with the media at his campaign headquarters in Moscow on March 18, 2024. (Photo by NATALIA KOLESNIKOVA / POOL / AFP)

အမေရိကန်ဦးဆောင်တဲ့ စစ်မဟာမိတ်အဖွဲ့ နေတိုးနဲ့ ရုရှားတို့အကြား တိုက်ရိုက် ပဋိပက္ခပေါ်ပေါက်ခဲ့ရင် တတိယကမ္ဘာစစ်ဖြစ်လာဖို့က ခြေတစ်လှမ်းစာသာကွာတော့တယ်လို့ ဆိုရမှာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့(မတ် ၁၈) မှာ အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။ သို့ပေမယ့် ဒီလိုအခြေအနေပေါ်ပေါက်လာဖို့ကို ဘယ်သူကမှ အလိုမရှိဘူးလို့လည်း သူက ဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ အနောက်တိုင်းနဲ့ မော်စကိုရဲ့ ဆက်ဆံရေးကို ၁၉၆၂ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကျူးဘားဒုံးကျည်အရေးအခင်းနောက်ပိုင်း အနက်ရှိုင်းဆုံး အကျပ်အတည်းသို့ ကျရောက်စေခဲ့ပါတယ်။ နျူကလီးယားစစ်ပွဲဖြစ်လာမယ့် အန္တရာယ်ရှိနေတယ်လို့ ပူတင်က အကြိမ်ကြိမ် သတိပေးမှုလုပ်ခဲ့ပေမယ့် ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက် သုံးဖို့လိုအပ်လိမ့်မယ်လို့တော့ သူလုံး၀ စိတ်ခံစားချက်မဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူ မက်ခရွန်က အနာဂတ်မှာ ယူကရိန်းသို့ မြေပြင်တပ်တွေ စေလွှတ်ရေးကို သူ့အနေနဲ့ ပစ်ပယ်မထားနိုင်ကြောင်း ပြီးခဲ့တဲ့လမှာ ပြောဆိုခဲ့ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အနောက် နိုင်ငံများစွာက ဘေးရှောင်ခဲ့စဉ် အချို့နိုင်ငံတွေ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံတွေကတော့ ဒါကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

မက်ခရွန်ရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ နေတိုးအကြား ပဋိပက္ခတစ်ခုဖြစ်လာနိုင်ခြေနဲ့ အန္တရာယ်အပေါ် ရိုက်တာရဲ့ မေးမြန်းချက်ကို “ခေတ်သစ်ကမ္ဘာမှာ အရာအားလုံးက ဖြစ်နိုင်ပါတယ်” လို့ ပူတင်က တုန့်ပြန်ပါတယ်။

“ဒါက အလုံးစုံ တတိယကမ္ဘာစစ်ကြီးကနေ ခြေတစ်လှမ်းသာစာသာရှိတော့မယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါကိုတော့ ဘယ်သူမှ စိတ်ဝင်စားမှုမရှိဘူးလို့ ထင်ပါတယ်” လို့ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသမိုင်းမှာ အပြတ်သားဆုံးရလဒ်နဲ့ ရွေးကော်ပွဲအောင်နိုင်ခဲ့ပြီးနောက် သတင်းထောက်တွေကို ပြောဆိုရာမှာ ပူတင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် နေတိုးစစ်မှုထမ်းတွေ ယူကရိန်းမှာ ရောက်နေခဲ့ပြီးဖြစ်တယ်လို့ ပူတင်က ဆက်လက်ပြောဆိုခဲ့ပြီး ရုရှားအနေနဲ့ စစ်မြေပြင်မှာ အင်္ဂလိပ်နဲ့ ပြင်သစ်စကားပြောသံတွေကို ဖမ်းယူရရှိထားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref:Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here