ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်အား ယာယီဖျက်သိမ်း၍ လက်မှတ်ခငွေပြန်အမ်း

0
101

ယနေ့ထွက်ခွာမည့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်အား ယာယီဖျက်သိမ်းကာ လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း မော်လမြိုင်ဘူတာကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်း၌ ယမန့်နေ့က ကျောက်တင်ရထားတစ်စင်း မိုင်းထိမှန်ကာ ရထားလမ်းနှင့် တွဲဆိုင်းများ ပျက်စီးခဲ့ပြီး လမ်းပိုင်းပိတ်ဆို့နေမှုများဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယနေ့ မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန်ရထား ခရီးစဉ်တို့ကို ယာယီဖျက်သိမ်းကာ ခရီးသွားပြည်သူများ ဝယ်ယူထားသည့် အထက်တန်း၊ ရိုးရိုးတန်းလက်မှတ်ခ ငွေများကို မော်လမြိုင်ဘူတာကြီးတွင် ပြန်အမ်းပေးနေပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် (၇) နာရီဝန်းကျင်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ ကျောက်များတင်ဆောင်ကာ မောင်းနှင်လာသော ရထားသ ည် ရန်ကုန် – မော်လမြိုင် ရထားလမ်းပေါ်၊ သထုံမြို့နယ်၊ မိုး ကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၃ /၁ ကြားရှိ ပေါင်းကူးတံတားအရောက်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ကာ တွဲဆိုင်းအချို့ တိမ်းမှောက်ခဲ့ပြီး ရထားလမ်းပိုင်း ပျက်စီးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here