ဟိုပုံးမြို့နယ်ရှိ နောင်ဘိုကန်တွင် ပြည်သူများ လာရောက် အပန်းဖြေနိုင်ပြီ

0
133

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နောင်ဘိုကန်သာယာလှပ‌စေရေး လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများပြီးစီးပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ လာရောက် အပန်းဖြေနိုင်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဖြည့်စွက်ရန်ပုံငွေကျပ် (၁၉.၅၀) သန်းဖြင့် ဆောင်ရွက်သည့် နောင်ဘိုကန်သာယာလှပ‌စေရေး မြက်စိုက်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ အလှမီးတိုင်စိုက်ထူခြင်းနှင့် ထိုင်ခုံများ ပြုလုပ်ခြင်း လုပ်ငန်းများပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နောင်ဘိုကန်တွင် အလှအုန်းပင်များ၊ စက္ကူပန်းအလှများ၊ တပေဘူတ၊ ကျောက်ထင်းရှူးနှင့် ဂျပန်မြက်များစိုက်ထည့်ခြင်းလုပ်ငန်းများ၊ အလှမီးတိုင် တပ်ဆင်ခြင်း၊ ပြည်သူများ အပန်းဖြေနိုင်ရန် အလှထိုင်ခုံများ ပြုလုပ်ခြင်းတို့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ဇန်နဝါရီလ (၂၆) ရက်မှ စတင်အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်၍
ကန်ဘေးတွင် ဒေသခံပြည်သူများ လမ်း‌လျှောက်ခြင်း၊ နေဝင်ဆည်းဆာအလှအပများ၊ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here