ဂါဇာကမ်းမြောင်ဒေသ၌ စစ်သွေးကြွ ၂၀ ‌ေ-သဆုံးပြီး ၂၀၀ ခန့်အားထိန်းသိမ်းထားဟုအစ္စရေးဆို

0
939

ဂါဇာ၊မတ် ၁၉

ဂါဇာမြို့ရှိ Al-Shifa ဆေးရုံအား စီးနင်းမှုအတွင်း ပါလက်စတိုင်းစစ်သွေးကြွ အယောက် ၂၀ ‌ေ-သဆုံးကာ ရာနှင့်ချီ ထိန်းသိမ်းခံခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဟားမတ်စ်အုပ်ချုပ်ရာနယ်မြေ၏ အကြီးဆုံးဆေးရုံ ဖြစ်သကဲ့သို့ လူနာများနှင့်အိုးမဲ့အိမ်မဲ့များ အများဆုံးနေထိုင်ရာ အဆိုပါဆေးရုံ၏ ဧရိယာတဝိုက်သို့ တင့်ကားများ၊လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ အစ္စရေးစစ်သားများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

“စစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိရသူ ၂၀၀ ကျော်ကို ကျွန်‌တော်တို့ဖမ်းဆီးခဲ့ပြီး လောလောဆယ်စုံစမ်းစစ်ဆေးမှု တွေလုပ်နေပါတယ်”ဟု အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရေတပ်ဗိုလ်ချုပ်ဒယ်နီရယ်ဟာဂါရီကပြောကြားခဲ့သည်။

“ဆေးရုံဝင်းအတွင်းက အကြမ်းဖက်သမား ၂၀ ကျော်ကို ကျွန်တော်တို့သုတ်သင်လိုက်ပါပြီ” ဟုလည်း ဟာဂါရီက ပြောကြားခဲ့သည်။

‌ေ-သဆုံးသူများထဲတွင် ဟားမတ်စ်ပြည်တွင်းလုံခြုံရေးအဖွဲ့၏ အထူးစစ်ဆင်ရေးအကြီးအကဲဖြစ်သည့် Fayq al-Mabhouh လည်းပါဝင်ပြီး ၎င်းသည် တပ်ဖွဲ့တွင် ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ကြောင်းလည်း ဂါဇာရဲတပ်ဖွဲ့မှအတည်ပြုပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here