သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ မကြာခင် ငှားရမ်းခွင့်အတွက် စာချုပ်ချုပ်ဆိုမည်

0
168

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများကို ငှားရမ်းနေထိုင်ခွင့်အတွက် မကြာခင်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး မီတာများ တပ်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများ ပေးသွင်းနိုင်‌ရေး ဆက်လက် အသိပေးသွားပါမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်သည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့်ရရှိသူများအတွက် အိမ်လခ စပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အိမ်ခန်းပေါင်း ၄၅၀ ကို သော့ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရ မ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကြေညာထားချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here