မမှန်မကန်အလုပ်ကမ်းလှမ်းစာဖြင့် အလုပ်သမားများထံမှငွေလိမ်လည်ကောက်ယူနေသည့် အေဂျင်စီများကိုအရေးယူမည်

0
153

မမှန်ကန်သည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)ပြပြီးအလုပ်သမားများထံမှ ငွေလိမ်လည်ကောက်ယူနေသည့်အေဂျင်စီများကို အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက သတိပေးထားသည်။

အေဂျင်စီအချို့သည် ဦးစီးဌာနသို့ Demand Letter တင်ပြီး ဦးစီးဌာနမှ သက်ဆိုင်ရာ သံရုံးသို့ စိစစ်ရန်ပေးပို့ချိန်၌ စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားသည့်စာကို အေဂျင်စီထံ မိတ္တူပေးပို့ခြင်းကို အခွင့်ကောင်းယူ၍ အလုပ်သမားများထံမှ ဝန်ဆောင်ခကောက်ခံနေကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားများသည် အချိန်မီပြည်ပမထွက်ခွာရချိန် အေဂျင်စီထံသို့ဆက်သွယ်ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေးသည့် ပုံစံဖြင့် ပြုမူလုပ်ဆောင်နေခြင်းကို စိစစ်တွေ့ရှိရကြောင်းလည်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံတင်ပြလာသည့် Demand Letter များ ၊ OWIC ပြုလုပ်ခွင့်များ ကိုအမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ဝန်ကြီး ဌာနကဆိုသည်။

အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demand Letter များကို ဦးစီးဌာနတို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့် အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့အပြင် အေဂျင်စီလိုင်စင် ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ်၊ ပြည်ပသို့သွားရောက်မည့် သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက် မဟုတ်ကြောင်းလည်း သတိပေးထားသည်။

ယင်းကြောင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအားလုံး ကျင့်ဝတ်နှင့်ညီသော အေဂျင်စီကောင်းများ ဖြစ်စေလိုကြောင်းနှင့် မိမိ၏ပြုလုပ်မှု ပျက်ကွ က်မှုကြောင့် ဝန်ကြီးဌာန၏ ပုံရိပ်၊ အေဂျင်စီများ၏ ပုံရိပ်တို့ကို မထိခိုက်စေရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here