ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် (၅၄)အား လေလံတင် ရောင်းချမှု လေလံဆွဲသူမရှိ၍ လေလံပွဲမအောင်မြင်

0
311

အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အမွေမှုဖြစ်နေသည့် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ယနေ့ နံနက်ပိုင်းတွင် လေလံတင်ရောင်းချရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးမှ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးအား အမှုအနိုင်ပေးပြီးနောက် နေအိမ်ခြံဝန်းအား ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် လေလံတင် ရောင်းချရန် တရားရုံးက အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။

ယင်းအမိန့်အရ ယနေ့ မတ်လ (၂၀) ရက် နံနက် (၁၀) နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံဝန်းရှေ့တွင် လေလံပွဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စီစဉ်ခဲ့သော်လည်း လေလံဆွဲသူမရှိသဖြင့် လေလံပွဲမအောင်မြင်ကြောင်း ဘိလစ်အရာရှိက ကြေညာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဓာတ်ပုံ – BBC


LEAVE A REPLY

Please enter your comment!
Please enter your name here