တောင်ကိုရီးယားရေနံတင်သင်္ဘောတစ်စင်း တိမ်းမှော-က်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောသား လေးဦးကို ကယ်ဆယ်ထားနိုင်ကာ ခုနစ်ဦး ပျောက်ဆုံးနေ

0
133

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျွန်းတစ်ကျွန်းရဲ့ ကမ်းလွန်မှာ ဗုဒ္ဓဟူးနေ့(မတ် ၂၀) အစောပိုင်းက တောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စင်း တိမ်းမှော-က်မှုဖြစ်ခဲ့ပြီး သင်္ဘောသား လေးဦးကို ကယ်ဆယ်ထားနိုင်ကြောင်းနဲ့ နောက်ထပ် ပျောက်ဆုံးနေတဲ့ ၇ ဦးကို ရှာဖွေမှုတွေ ဆက်လုပ်နေကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။

ဓါတုဗေဒကုန်သင်္ဘော Keoyoung Sun ထံက အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောဆိုပြီး ယင်းသင်္ဘောဟာ ရာသီဥတုဆိုးဝါးမှုကြောင့် ဂျပန်နိုင်ငံ Mutsure ကျွန်းအနီးခိုလှုံနေစဉ် တိမ်းစောင်းသွားခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Mutsure ကျွန်းဟာ ဟွန်ရှူးကျွန်းမရဲ့ အနောက်တောင်ဘက်စွန်းမှာ တည်ရှိပြီး တိုကျိုမြို့ကနေ မိုင် ၆၂၀ အကွာမှာရှိကြောင်း သိရပါတယ်။

သင်္ဘောဟာ နောက်ပိုင်းမှာ လုံးလုံးတိမ်းမှောက်သွားခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။ NHK ရုပ်သံဋ္ဌာနက ဖော်ပြခဲ့တဲ့ ဗီဒီယိုအရ သင်္ဘောဟာ လှိုင်းကြမ်းပင်လယ်ပြင်မှာ ဇောက်ထိုးဖြစ်နေခဲ့ပြီး အနီရောင်အောက်ပိုင်းကိုသာ မြင်တွေ့ရပါတယ်။  

ကယ်ဆယ်ထားတဲ့ သင်္ဘောသားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လတ်တလောမှာ မသိရသေးပါဘူး။ NHK ရဲ့ သတင်းဖော်ပြချက်အရ ယင်းသင်္ဘောပေါ်မှာ တရုတ်နိုင်ငံသားတစ်ဦး၊ တောင်ကိုရီးယားနှစ်ဦးနဲ့ အင်ဒိုနီးရှားသင်္ဘောသား ရှစ်ဦးတို့ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘောတိမ်းမှော-က်ရတဲ့ အကြောင်းရင်းအပါအဝင် အခြားအသေးစိတ်အချက်တွေကိုလည်း လတ်တလောမှာ သိရှိရခြင်း မရှိသေးကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here