မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆေးဖက်ဝင် အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းစီမံကိန်းဆောင်ရွက်

0
144

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းစီမံကိန်းဆောင်ရွက်လျက်ရှိသည်။

ယခုစီမံကိန်းသည် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ နှစ်နှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြု လေ့လာဖော်ထုတ်ခြင်း၊ ဌာနေတိုင်းရင်းသား လူမျိုးစုများအသုံးပြုသော သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရ အ‌ရေးပါသောမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနတွေ့ရှိချက်ရလဒ်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသ ည်။

ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင် အပင်များ စနစ်တကျစီမံအုပ်ချုပ်နိုင်မည့်သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်းနည်းလမ်းများကိုဌာနေ တိုင်းရင်းသား လူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၉) ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here