ဒုဌဝတီမြစ်အတွင်း ရေဆင်းချိုးသည့် အသက် (၁၀) နှစ်ကျော်အရွယ် ကလေးငယ်နှစ်ဦး ရေနစ်‌ေ-သဆုံး

0
125

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်၊ ဒုဌဝတီမြစ်အတွင်း ယမန်နေ့ မတ်လ(၁၉)ရက် ညနေပိုင်းအချိန်တွင် အသက် (၁၀)နှစ်ကျော်အရွယ် ကလေးငယ်နှစ်ဦးရေဆင်းချိုးရာမှ ရေနစ်‌ေ-သ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနှစ်‌ေ-သဆုံးသူ ကလေးငယ်နှစ်ဦးအား ရှာဖွေကယ်ဆယ်ရာ မြစ်၏ ရေနက်ပိုင်း နေရာ၌ ‌ေ-သဆုံးလျှက်ပြန်လည်ရှာ‌ဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“သူတို့ ဆင်းကူးတဲ့ နေရာမှာပဲပြန်တွေ့တာ ရေနက်ပိုင်းလောက်ကျတယ်။ နာရီဝက်ကျော်လိုက် ရှာလိုက်ရပါတယ်။ ကလေးတွေ ရုပ်အလောင်းကတော့ အခုဆေးရုံကနေ သူတို့နေ အိမ်တွေကို ပြန်ရောက်သွားကြပါပြီ “ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူ တစ်ဦးက ပြောသည်။

ရေနှစ်‌ေ-သဆုံးသူ ကလေးနှစ်ဦးမှာ အသက်(၁၃)အရွယ်နှင့် အသက်( ၁၄ )အရွယ်ရှိ တို့ဖြစ်ကြပြီး၊ ရုပ်အလောင်းများကို သီပေါဆေးရုံသို့ ကနဦး ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here