ထို့ကော်ကိုး လမ်းပိုင်း မိုးရွာသွန်းထားခြင်းကြောင့် လမ်းချော်နိုင်သဖြင့် ယာဉ်များသတိဖြင့်မောင်းနှင်ရန် သတိပေးထား

0
121

မြဝတီနယ်စပ် – ဘားအံ လမ်းကြောင်းတစ်ခုဖြစ်သည့် ထို့ကော်ကိုး – ကျော်ခို့လမ်းပိုင်း၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းတွင် မိုးရွာသွန်းခဲ့ခြင်းကြောင့် လမ်းချော်နိုင်သဖြင့် သတိပြုမောင်းနှင်ကြရန် လမ်းပိုင်းတာဝန်ရှိသူများက သတိပေးနှိုးဆော်ထားကြောင်း ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“ဒီနေ့မနက်မိုးရွာတယ်။ လမ်းက မြေသားလမ်းဆိုတော့ မိုးရေနဲ့ ဗွက်ထပြီးချော်နေတယ်။ လမ်းလုံခြုံရေးအဖွဲ့တွေကတော့ ယာဉ်မောင်းတွေကို သတိပေးတာပေါ့။ လမ်းပိုင်းက အတက်အဆင်းကြမ်းတဲ့နေရာတွေ၊ ကွေ့တွေမှာ သတိထားမောင်းနေကြရတယ်”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လမ်းချော်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ယာဉ်များ သတိဝိရိယဖြင့် မောင်းနှင်ကြရန်နှင့် ချောက်ကမ်းပါး အစွန်းဘက်မှ မမောင်းဘဲ တောင်နံရံဘက်အခြမ်းကပ်၍ မောင်းနှင်ကြရန် အဆိုပါ လမ်းပိုင်းအား လုံခြုံရေးတာဝန်ယူနေသည့် အဖွဲ့မှ သတိပေးထားခြင်း ဖြစ်သည်။

ယင်း လမ်းပိုင်းသည် KNU/KNLA-PC ၏ ထိန်းချုပ်ဒေသအတွင်း ရှိနေခြင်းဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ လမ်းပိုင်းကို အသုံးပြု၍ ကုန်စည် ကူးသန်းနေခြင်းလည်းဖြစ်သည်။

KNU/KNLA-PC သည် တစ်နိုင်ငံလုံးပစ်ခတ်တို-က်ခို-က်မှု ရပ်စဲရေးသဘော တူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here