မိုင်းဟန်ကျေးရွာအနီးတွင် ပေ(၇၀)ခန့် နက်သည့် မိုင်းဟန်ချောင်းထဲ ယာဉ်တစ်စီး ထိုးကျတိမ်းမှေ-ာက်ပြီး ယာဉ်ပေါ်ပါသူများအနက် အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

0
149

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်းထဲသို့ Honda Fit တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်းမှေ-ာက်ရာ ယာဉ်ပေါ်ပါသူများအနက် အမျိုးသား (၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ မတ်လ (၂၀)ရက်၊ နံနက် (၇)နာရီခွဲအချိန်က မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် လူ (၅)ဦး လိုက်ပါလာသော Honda Fit ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်းထဲသို့ ထိုးကျတိမ်းမှော-က်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု သတင်းအရ မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၅)ဦးအနက် အမျိုးသား (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး (၃) ဦးကို ကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here